Thuta Learning
ရှာဖွေရန်
BasicProgrammingbeginner

Variables

စိတ်လျှော့ပါ။ ဒီခန်းကို စာအုပ်လိုမဟုတ်ဘဲ စကားပြောသလိုပဲ၊ နားလည်လွယ်အောင် ရှင်းပါမယ်။

Variable ဆိုတာ data သိမ်းတဲ့ box လေးတစ်ခုလိုပါ။ C မှာ variable တစ်ခုမသုံးခင် data type ကိုကြေညာရပါတယ်။ ဘာကြောင့်လဲဆိုတော့ compiler က memory ဘယ်လောက်ယူရမလဲ၊ value ကို ဘယ်လိုဖတ်ရမလဲ သိဖို့လိုလို့ပါ။

c
#include <stdio.h>

int main() {
  int age = 20;
  float price = 19.99;
  char grade = 'A';

  printf("Age: %d
", age);
  printf("Price: %.2f
", price);
  printf("Grade: %c", grade);
  return 0;
}

int က integer, float က decimal number, char က character တစ်လုံး သိမ်းပါတယ်။ %d, %.2f, %c တွေက format specifier တွေဖြစ်ပြီး variable ကို ဘယ်ပုံစံနဲ့ output ထုတ်မလဲ ပြောတာပါ။

You should see
Age: 20 Price: 19.99 Grade: A

Info

%.2f ဆိုတာ decimal ၂ လုံးပဲပြမယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ Money, price တွေပြတဲ့အခါ အသုံးဝင်ပါတယ်။

ဒီနေရာမှာ လူအများမှားတတ်တယ်

  • char grade = "A"; လို့ double quote သုံးရင် string ဖြစ်သွားလို့ မမှန်ပါ။ Character တစ်လုံးအတွက် single quote သုံးပါ။
Variables | Thuta Learning