break က loop ကိုလုံးဝရပ်စေပြီး continue က လက်ရှိ round ကိုကျော်ပြီး နောက် round ဆက်သွားစေပါတယ်။ Search result တွေထဲမှာလိုချင်တာတွေ့တာနဲ့ရပ်တာ၊ invalid item ကိုကျော်တာမျိုးမှာ အသုံးများပါတယ်။
c
#include <stdio.h>
int main() {
for (int i = 0; i < 10; i++) {
if (i == 4) {
continue;
}
if (i == 8) {
break;
}
printf("%d ", i);
}
return 0;
}i == 4 ဖြစ်တဲ့အခါ continue ကြောင့် print မလုပ်ဘဲ ကျော်သွားပါတယ်။ i == 8 ဖြစ်တဲ့အခါ break ကြောင့် loop ရပ်သွားပါတယ်။
You should see
0 1 2 3 5 6 7Info
continue နဲ့ break ကို အများကြီးသုံးလွန်းရင် loop logic ဖတ်ရခက်နိုင်ပါတယ်။ သုံးရင် condition ကိုရှင်းရှင်းရေးပါ။