User က keyboard နဲ့ထည့်တဲ့ value ကိုဖတ်ချင်ရင် scanf() ကိုသုံးနိုင်ပါတယ်။ Input ယူတဲ့အခါ variable ရဲ့ address ကိုပေးရတဲ့အတွက် & operator ကို တွေ့ရပါမယ်။
c
#include <stdio.h>
int main() {
int age;
printf("Enter your age: ");
scanf("%d", &age);
printf("You are %d years old.", age);
return 0;
}scanf("%d", &age) က integer input တစ်ခုကိုဖတ်ပြီး age variable ရဲ့ memory address ထဲမှာ သိမ်းပါတယ်။
You should see
(User က 20 ထည့်လျှင်) Enter your age: 20 You are 20 years old.Info
printf() မှာ variable value ကိုပေးပေမယ့် scanf() မှာတော့ variable address ကိုပေးရတာကို သတိထားပါ။