Thuta Learning

Privacy Policy

နောက်ဆုံးပြင်ဆင်ရက်: 2026-08-30

ဘာဒေတာကို ကျွန်ုပ်တို့ မကောက်ယူပါ

  • Public registration (သို့) login account မရှိပါ — user account database မရှိပါ။
  • Comment section မရှိပါ။
  • Payment (သို့) subscription information မကောက်ယူပါ။
  • Behavioral advertising tracker (Meta Pixel, Hotjar စသည်) မထည့်သွင်းပါ။
  • Cookie တစ်ခုမှ မသတ်မှတ်ပါ။

Local-only Progress (သင့် device ပေါ်တွင်သာ)

Lesson ပြီးဆုံးမှု၊ font size ရွေးချယ်မှုနှင့် dark mode preference များကို သင့် browser ၏ localStorage ထဲတွင်သာ သိမ်းဆည်းပါသည်။ ဤဒေတာကို server သို့ ဘယ်တော့မှ ပေးပို့မည် မဟုတ်ပါ၊ ၎င်းတို့ကို browser settings ကနေ ဖျက်နိုင်ပါသည်။

ဆက်သွယ်ရာတွင် ရရှိသော ဒေတာ

info@thutatech.com သို့ email ပေးပို့ပါက သင့် email လိပ်စာနှင့် message ကို ပြန်စာပေးရန် အတွက်သာ အသုံးပြုမည်ဖြစ်ပြီး တခြား ရည်ရွယ်ချက်ဖြင့် အသုံးမပြုပါ။

Analytics (Vercel Web Analytics)

ဤ site သည် page view အရေအတွက်နှင့် လူကြိုက်များသော tutorial များကို သိရှိရန် cookie မသုံးသော analytics ဝန်ဆောင်မှုဖြစ်သည့် Vercel Web Analytics ကို အသုံးပြုပါသည်။ Page တစ်ခု ကြည့်တိုင်း အောက်ပါ အချက်အလက်များကို Vercel (အမေရိကန်) သို့ ပေးပို့ပါသည် — ကြည့်ရှုသော page၊ လာရောက်ရာ referrer၊ နိုင်ငံ/ဒေသ (IP address မှ တွက်ချက်ပြီး IP ကိုယ်တိုင်ကို မသိမ်းဆည်းပါ)၊ device အမျိုးအစား၊ browser နှင့် operating system။

သင့် device ပေါ်တွင် cookie (သို့) identifier တစ်ခုမှ မသိမ်းပါ။ Vercel သည် IP နှင့် browser အချက်အလက်မှ ယာယီ visitor hash တစ်ခု တွက်ပြီး ၂၄ နာရီအတွင်း ဖျက်ပါသည်။ ဤဒေတာမှ တစ်ဦးချင်း visitor ကို ခွဲခြားသိရှိ၍ မရသလို ကျွန်ုပ်တို့လည်း ကြိုးစားမည် မဟုတ်ပါ။ Site အားလုံးကို ဖြတ်၍ tracking လုပ်ခြင်း မရှိပါ။

ThutaTech ecosystem policy များ

ဤ site သည် ThutaTech ecosystem ၏ အစိတ်အပိုင်းဖြစ်ပါသည်။ Domain အလိုက် cookie နှင့် external transmission အသေးစိတ်၊ subprocessor စာရင်းနှင့် ecosystem privacy policy ကို thutatech.com တွင် ကြည့်ရှုနိုင်ပါသည် — Cookie & External Transmission Policy, Subprocessors, Privacy Policy။

မှတ်ချက်: ဤစာမျက်နှာသည် လက်ရှိအကောင်အထည်ဖော်မှုအခြေအနေနှင့် ကိုက်ညီသော မူကြမ်းတစ်ခုသာဖြစ်ပြီး၊ တရားရေးအကြံဉာဏ်အစား အသုံးပြု၍ မရပါ။