C Programming ဆိုတာ computer နဲ့ အနီးဆုံးနေရာမှာ အလုပ်လုပ်နိုင်တဲ့ programming language တစ်ခုပါ။ Operating system, embedded device, game engine, database engine, compiler စတဲ့ performance အရေးကြီးတဲ့ system တွေမှာ C ကို အများကြီးတွေ့ရပါတယ်။ ဒီသင်ခန်းစာမှာ C ကို အစကနေ တစ်ဆင့်ချင်းလေ့လာပြီး code ရေးတဲ့အခါ ဘာကြောင့် ဒီလိုရေးရတာလဲဆိုတာပါ နားလည်အောင် ရှင်းထားပါတယ်။
ဘာတွေသင်မလဲ
Syntax, Variables, Data Types, Operators, Control Flow, Arrays, Strings, Functions, Pointers, Structs, Unions, Enums.
ဘယ်လိုလေ့လာသင့်လဲ
Lesson တစ်ခုဖတ်ပြီး code ကို run ကြည့်ပါ။ Output ကိုသာမကြည့်ဘဲ variable value ဘယ်လိုပြောင်းသွားလဲဆိုတာကိုပါ စဉ်းစားပါ။
ဘယ်ဘက် menu ကနေ lesson ကိုရွေးပြီး လေ့လာနိုင်ပါတယ်။ အစပိုင်း lesson တွေက လွယ်သလိုမြင်ရပေမယ့် C မှာ semicolon တစ်ခုမေ့တာနဲ့ compiler က စိတ်ဆိုးတတ်တာမို့ သေချာလေးလိုက်ရေးပါ။
ဒီ page ရဲ့ ရည်ရွယ်ချက်က code snippet တွေကို copy လုပ်ဖို့သက်သက်မဟုတ်ပါ။ Code တစ်ကြောင်းချင်းစီက ဘာအလုပ်လုပ်လဲ၊ ဘာကြောင့်အဲဒီ syntax သုံးရလဲ၊ real project မှာ ဘယ်နေရာမှာ အသုံးဝင်လဲဆိုတာကို မြင်လာစေဖို့ပါ။
Info
C ကိုကောင်းကောင်းနားလည်ရင် C++, Java, JavaScript, PHP, Go, Rust စတဲ့ language အများကြီးကို လေ့လာရာမှာ အခြေခံ logic ပိုခိုင်လာပါတယ်။