ဒီသင်ခန်းစာမှာ PC တစ်လုံးကို ဘယ်အစိတ်အပိုင်းတွေက ဘာလုပ်ပေးလဲ၊ ဘယ်လိုရွေးရမလဲ၊ ဘယ်လိုတပ်ဆင်ရမလဲ၊ ပထမဆုံးဖွင့်တဲ့အချိန် ဘာစစ်ရမလဲဆိုတာကို အဆင့်လိုက် လေ့လာနိုင်ပါတယ်။
ဘာတွေသင်မလဲ
CPU, Motherboard, RAM, SSD, GPU, PSU, Case, Cooling စတဲ့ component တစ်ခုချင်းစီကို နားလည်အောင်ရှင်းထားပါတယ်။
ဘယ်သူတွေအတွက်လဲ
Student, office user, gamer, streamer, creator, programmer, trader, AI tools သုံးသူ — ကိုယ့်လိုအပ်ချက်အလိုက် build balance ရွေးနိုင်ဖို့ပါ။
အရေးကြီးဆုံးအချက်
PC build က “အကြီးဆုံး spec” ရွေးတာမဟုတ်ပါ။ ကိုယ့်အသုံးချမှု၊ budget, compatibility, airflow, upgrade path ကို balance ချတာပါ။
လေ့လာပုံ
- ပထမဆုံး PC Build Roadmap ကိုဖတ်ပြီး ကိုယ့်အသုံးချမှုကို သတ်မှတ်ပါ။
- Main Components section မှာ part တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံနဲ့ common mistake တွေကိုကြည့်ပါ။
- Compatibility Checklist နဲ့ မဝယ်ခင် စစ်ပါ။ မကိုက်တဲ့ part ဝယ်မိရင် “ကွန်ပျူတာမဟုတ်၊ puzzle box” ဖြစ်သွားနိုင်ပါတယ်။
- Assembly Steps, First Boot, Troubleshooting ကို build လုပ်ချိန်မှာ checklist လို အသုံးပြုပါ။
You should see
PC build ကိုစမယ်ဆိုရင် ပထမဆုံးမေးရမယ့်မေးခွန်းက “ဘယ် CPU ကအကောင်းဆုံးလဲ” မဟုတ်ပါ။ “ဒီ PC ကို ဘာအတွက်သုံးမှာလဲ” ဖြစ်ပါတယ်။