GPU က picture, video, game graphics, 3D, AI workload တွေကိုတွက်ပေးတဲ့ graphics processor ပါ။ Gaming/creator/AI build တွေမှာ budget အများဆုံးစားတတ်တဲ့ part ဖြစ်ပါတယ်။
GPU ရွေးချယ်ရာမှာ စစ်ရန်
- Dedicated vs Integrated: Integrated graphics က basic display/office အတွက်အဆင်ပြေပါတယ်။ Gaming, editing, 3D, local AI အတွက် dedicated GPU လိုပါတယ်။
- VRAM: Resolution မြင့်၊ texture quality မြင့်၊ AI model ကြီးလေ VRAM ပိုလိုပါတယ်။
- Resolution Target: 1080p gaming, 1440p gaming, 4K gaming တို့အတွက် GPU requirement ကအများကြီးကွာပါတယ်။
- Physical Size: GPU အရှည်၊ thickness, case clearance စစ်ပါ။ GPU က case ထဲမဝင်ရင် “အလှကြည့်ပစ္စည်း” ဖြစ်သွားပါတယ်။
- Power Connector: PSU မှာလိုအပ်တဲ့ PCIe/12VHPWR connector ရှိမရှိစစ်ပါ။
| Target | GPU ဦးစားပေး | မှတ်ချက် |
|---|---|---|
| 1080p | Mid-range GPU | Budget gaming အတွက် balance ကောင်း |
| 1440p | Stronger GPU + enough VRAM | Visual quality နဲ့ FPS balance အကောင်းဆုံးနေရာ |
| 4K | High-end GPU | GPU budget အများကြီးလိုနိုင် |
| Video Editing | Encoder/decoder support + VRAM | Software support ကိုပါစစ်ပါ |
| AI Workstation | VRAM များသော GPU | Local AI model တွေမှာ VRAM ကအရေးကြီး |
You should see
GPU ကို monitor resolution နဲ့တွဲရွေးပါ။ 1080p monitor နဲ့ 4K-level GPU ဝယ်တာက အရသာရှိပေမယ့် budget မျက်ရည်ကျစေနိုင်ပါတယ်။