React သည် user interface တည်ဆောက်ရန် အသုံးများတဲ့ open-source JavaScript library ဖြစ်ပါတယ်။ Website တစ်ခုမှာ header, card, button, product list, profile box စတဲ့ UI အပိုင်းတွေကို component လေးတွေခွဲပြီး တည်ဆောက်နိုင်တာကြောင့် code ကိုပြန်သုံးရလွယ်ပြီး project ကြီးလာလည်း ထိန်းရလွယ်ပါတယ်။
jsx
import React from 'react';
import ReactDOM from 'react-dom/client';
function App() {
return <h1>Hello, React!</h1>;
}
const root = ReactDOM.createRoot(document.getElementById('root'));
root.render(<App />);ဒီ code မှာ `App` ဆိုတဲ့ component တစ်ခုရေးထားပြီး `
Hello, React!
` ကို return ပြန်ထားပါတယ်။ နောက်ဆုံး `root.render()` က App component ကို HTML ထဲက `id="root"` element အတွင်း render လုပ်ပေးပါတယ်။
You should see
Browser ထဲမှာ `Hello, React!` ဆိုတဲ့ heading တစ်ခု ပေါ်လာမယ်။Info
Component name ကို စာလုံးအကြီးနဲ့စရေးတာ React ရဲ့ convention ပါ။ `App` ကို `` လို့ HTML tag ပုံစံခေါ်သုံးနိုင်တာက JSX ကြောင့်ပါ။