Thuta Learning
React
BasicWeb Developmentintermediate

Forms & Inputs

React form တွေမှာ input value ကို state နဲ့ချိတ်ထားရင် user ရိုက်သမျှကို component ကသိနိုင်ပါတယ်။ ဒီ pattern ကို controlled component လို့ခေါ်ပြီး search box, contact form, signup form, settings form တွေမှာအသုံးများပါတယ်။

jsx
import { useState } from 'react';

function ContactForm() {
  const [name, setName] = useState('');

  function handleSubmit(event) {
    event.preventDefault();
    alert('Hello ' + name);
  }

  return (
    <form onSubmit={handleSubmit}>
      <label>
        Your name
        <input
          value={name}
          onChange={event => setName(event.target.value)}
        />
      </label>
      <button type="submit">Send</button>
    </form>
  );
}

User စာရိုက်တိုင်း `onChange` က run ဖြစ်ပြီး `name` state ကို update လုပ်ပါတယ်။ Submit နှိပ်တဲ့အခါ `handleSubmit` က state ထဲကနာမည်ကိုယူပြီး alert ပြပါတယ်။

You should see
Input ထဲနာမည်ရေးပြီး Send နှိပ်ရင် `Hello [name]` alert ပေါ်လာမယ်။

Info

Controlled input မှာ UI value နဲ့ React state တို့အမြဲတူနေပါတယ်။ ဒါကြောင့် validation, preview, search filtering တွေကိုလွယ်လွယ်လုပ်နိုင်ပါတယ်။

ဒီနေရာမှာ လူအများမှားတတ်တယ်

  • `value` ထည့်ထားပြီး `onChange` မထည့်ရင် input က read-only ဖြစ်သွားနိုင်ပါတယ်။
Forms & Inputs | Thuta Learning