Slicing ဆိုတာ array ထဲက အစိတ်အပိုင်းတစ်ခုကိုဖြတ်ထုတ်ယူတာပါ။ Syntax က start:stop:step ဖြစ်ပြီး stop index မပါဝင်ပါ။ Data အကြီးကြီးထဲက row/column အချို့ကိုရွေးယူတဲ့အခါ slicing က အရမ်းအသုံးဝင်ပါတယ်။
import numpy as np
numbers = np.array([0, 1, 2, 3, 4, 5, 6, 7, 8, 9])
print("Index 2 to 5:", numbers[2:6])
print("Every 2 steps:", numbers[::2])
matrix = np.array([
[1, 2, 3, 4],
[5, 6, 7, 8],
[9, 10, 11, 12]
])
print("
First 2 rows, columns 1 to 2:
", matrix[:2, 1:3])numbers[2:6] က index 2 ကနေ 5 အထိယူပါတယ်။ 6 မပါဝင်ပါ။ numbers[::2] က အစကနေအဆုံးအထိ step 2 နဲ့ယူတာပါ။ 2-D slicing မှာ comma မတိုင်ခင်က rows, comma နောက်က columns ကိုညွှန်ပါတယ်။
Index 2 to 5: [2 3 4 5] Every 2 steps: [0 2 4 6 8] First 2 rows, columns 1 to 2: [[2 3] [6 7]]Info
Slicing result က မူရင်း array ရဲ့ view ဖြစ်နိုင်တာကြောင့် တချို့အခြေအနေတွေမှာ slice ကိုပြောင်းရင် original array ကိုပါသက်ရောက်နိုင်ပါတယ်။ လွတ်လွတ်လပ်လပ် copy လိုချင်ရင် .copy() သုံးပါ။