Thuta Learning
ရှာဖွေရန်
BasicProgrammingbeginner

Variables

စိတ်လျှော့ပါ။ ဒီခန်းကို စာအုပ်လိုမဟုတ်ဘဲ စကားပြောသလိုပဲ၊ နားလည်လွယ်အောင် ရှင်းပါမယ်။

Variable ဆိုတာ data သိမ်းထားတဲ့ နာမည်ပါတဲ့ box လေးတစ်ခုလို စဉ်းစားနိုင်ပါတယ်။ Go မှာ var နဲ့ type ကိုကြေညာနိုင်သလို function အတွင်းမှာ := နဲ့လည်း မြန်မြန်ရေးနိုင်ပါတယ်။

go
package main

import "fmt"

func main() {
    var language string = "Go"
    version := 1.22
    isFast := true

    fmt.Println(language)
    fmt.Println(version)
    fmt.Println(isFast)
}

var language string = "Go" က type ကိုရှင်းရှင်းလင်းလင်းရေးထားတာပါ။ version := 1.22 က compiler ကို type ခန့်မှန်းခိုင်းတာဖြစ်ပြီး ဒီပုံစံကို function အတွင်းမှာပဲသုံးနိုင်ပါတယ်။

You should see
Go 1.22 true

Info

တန်ဖိုးကိုနောက်ပိုင်းပြောင်းနိုင်မယ်ဆို variable သုံးပါ။ မပြောင်းသင့်တဲ့တန်ဖိုးတွေ၊ ဥပမာ app name, timeout constant စတာတွေဆို const သုံးတာပိုကောင်းပါတယ်။

ဒီနေရာမှာ လူအများမှားတတ်တယ်

  • := ကို function အပြင်ဘက် package level မှာသုံးလို့မရပါ။ အပြင်ဘက်မှာ var သို့မဟုတ် const သုံးပါ။
Variables | Thuta Learning