Go syntax က ရိုးရှင်းပြီး readable ဖြစ်အောင် design လုပ်ထားပါတယ်။ Semicolon ကို ကိုယ်တိုင်ရေးစရာမလိုတာများပေမဲ့ line break ကိုတော့ သေချာထားသင့်ပါတယ်။ Program တစ်ခုစရန် အများအားဖြင့် package main, import section, func main() ဆိုပြီး စဉ်းစားနိုင်ပါတယ်။
go
package main
import "fmt"
func main() {
message := "Go syntax is clean."
fmt.Println(message)
}message := "..." က variable တစ်ခုကို short assignment နဲ့တည်ဆောက်တာပါ။ Go compiler က value ကိုကြည့်ပြီး type ကိုအလိုအလျောက်ခန့်မှန်းပေးပါတယ်။
You should see
Go syntax is clean.Info
{ ကို function line နဲ့တစ်ကြောင်းတည်းရေးတာ Go style မှာအရေးကြီးပါတယ်။ Go formatter gofmt ကိုသုံးရင် code style ကို တစ်သမတ်တည်းဖြစ်အောင် ပြင်ပေးနိုင်ပါတယ်။