CSS ဆိုတာ HTML element တွေကို browser မှာ ဘယ်လိုပေါ်စေမလဲဆိုတာ သတ်မှတ်ပေးတဲ့ styling language ဖြစ်ပါတယ်။ HTML က <h1>, <p>, <button> ဆိုပြီး structure ဆောက်ပေးတယ်။ CSS က အဲဒီ element တွေကို အရောင်၊ font size၊ spacing၊ layout၊ animation၊ mobile responsive ပုံစံတွေနဲ့ သက်ဝင်လာအောင်လုပ်ပေးပါတယ်။
တကယ့် project တွေမှာ CSS မရှိရင် page က content ရှိပေမယ့် presentation မရှိတဲ့အတွက် user experience မကောင်းနိုင်ပါဘူး။ CSS ကိုသိလာတာနဲ့ button တစ်ခုကို CTA လိုမြင်အောင်၊ card တစ်ခုကို professional လိုမြင်အောင်၊ mobile မှာလည်း သပ်သပ်ရပ်ရပ်ဖတ်လို့ရအောင် ပြင်နိုင်လာပါမယ်။
/* This CSS rule selects all <p> elements */
p {
color: red;
font-size: 16px;
}HTML document ထဲရှိ <p> စာပိုဒ်အားလုံးမှာ စာသားအရောင် အနီရောင်ဖြစ်ပြီး font size က 16px ဖြစ်သွားပါမယ်။Tip
CSS က “ရွေးပြီး ပြင်” တဲ့စနစ်ပါ။ အရင်ဆုံး element ကို selector နဲ့ရွေး၊ ပြီးမှ property/value နဲ့ style သတ်မှတ်ပါတယ်။