Thuta Learning
ရှာဖွေရန်
AdvancedWeb Developmentbeginner

Grid Intro

စိတ်လျှော့ပါ။ ဒီခန်းကို စာအုပ်လိုမဟုတ်ဘဲ စကားပြောသလိုပဲ၊ နားလည်လွယ်အောင် ရှင်းပါမယ်။

ဒီခန်းပြီးရင် ဘာတတ်သွားမလဲ

  • Two-dimensional layout ကိုတည်ဆောက်ရန်

CSS Grid က rows နဲ့ columns နှစ်ဖက်လုံးကိုထိန်းနိုင်တဲ့ layout system ပါ။ Gallery, dashboard, template grid, page layout တွေအတွက်အလွန်သင့်တော်ပါတယ်။ Flexbox က တစ်ကြောင်းတည်း align လုပ်ဖို့ကောင်းသလို Grid က ဇယားကွက်ပုံစံ layout တွေကိုတိတိကျကျဆောက်ဖို့ကောင်းပါတယ်။

css
.gallery {
  display: grid;
  grid-template-columns: repeat(3, 1fr);
  gap: 20px;
}
You should see
Gallery item တွေက 3-column grid အတိုင်းညီညီညာညာစီသွားပါမယ်။

Tip

Layout တစ်ခုကို row/column နှစ်ဖက်လုံးကနေစဉ်းစားရင် Grid သုံးပါ။ Row တစ်ကြောင်းထဲအတွက် Flexbox သုံးပါ။