Crypto wallet ဆိုတာ coin/token ကို “သိမ်းထားတဲ့အိတ်” လို့ပြောကြပေမယ့် တိတိကျကျဆိုရင် blockchain asset တွေကိုထိန်းချုပ်ဖို့လိုတဲ့ key တွေကို manage လုပ်ပေးတဲ့ software/hardware ပါ။ Asset က blockchain ပေါ်မှာရှိပြီး wallet က private key နဲ့ transaction sign လုပ်ပေးတာပါ။
Wallet address က bank account number နဲ့ဆင်တူတယ်။ Public ဖြစ်နိုင်တယ်။ Private key/seed phrase ကတော့ master key ပါ။ အဲ့ဒါပေါက်သွားရင် asset ကိုတခြားသူရွှေ့နိုင်ပါတယ်။
You should see
Wallet သည် asset ကိုမသိမ်းဘဲ asset ကိုထိန်းချုပ်ခွင့်ပေးတဲ့ key ကိုသိမ်း/အသုံးပြုစေတဲ့ tool ဖြစ်ပါတယ်။