Hashing ဆိုတာ input data ကို fixed-length digital fingerprint တစ်ခုအဖြစ်ပြောင်းတဲ့နည်းလမ်းပါ။ Input နည်းနည်းလေးပြောင်းတာနဲ့ hash output ကလုံးဝကွဲသွားတတ်ပါတယ်။ ဒါကြောင့် data ပြောင်းထားသလားဆိုတာ စစ်ဖို့အလွန်အသုံးဝင်ပါတယ်။
Hash က password မဟုတ်ပါ။ Hash ကနေ original data ကိုပြန်ဖော်ဖို့မဖြစ်နိုင်အောင် design လုပ်ထားတဲ့ one-way fingerprint ဖြစ်ပါတယ်။ Blockchain မှာ block data ပြောင်းပြီလားဆိုတာကို hash နဲ့သိနိုင်ပါတယ်.
text
"ThutaTech" -> 0x91a2...
"thutatech" -> 0x4c77...
Small letter change, totally different hash.You should see
Hashing က blockchain ရဲ့ tamper-detection alarm လိုအလုပ်လုပ်ပါတယ်။