Ruby syntax က သန့်ရှင်းပါတယ်။ Statement အဆုံးမှာ semicolon မလိုပါ။ Method call တွေမှာ parentheses ကို တချို့နေရာမှာ မရေးလည်းရပါတယ်။ ဒါပေမယ့် code ဖတ်ရလွယ်အောင် အရေးကြီးတဲ့ parameter တွေပါရင် parentheses သုံးတာကောင်းပါတယ်။
ruby
puts "Hello, World"
puts("This also works")
# String interpolation
language = "Ruby"
puts "I am learning #{language}."puts က output ကို line အသစ်နဲ့ထုတ်ပေးပါတယ်။ #{language} ကို string interpolation လို့ခေါ်ပြီး variable value ကို string ထဲထည့်သုံးတာပါ။
You should see
Hello, World This also works I am learning Ruby.Info
Single quote ' ' ထဲမှာ interpolation အလုပ်မလုပ်ပါ။ Variable value ထည့်ချင်ရင် double quote " " သုံးပါ။