Search က စာကြည့်တိုက်ကောင်တာပါ။ ဖတ်တာက ကိုယ့်အလုပ်ပါ။ ယူလာတဲ့စာအုပ်ကို မဖွင့်ဘဲ ဖြေရင် ဒါက မှန်းဖြေခြင်းပါ။
ခဏလေး ဒီလိုပဲ စဉ်းစားကြည့်
RAG bug အများစုက ရှာတာမှားလို့မဟုတ်ပါဘူး။ ရှာပြီး မဖတ်လို့ပါ။ Top ၃ chunk ရလာရင် ကိုယ်က ဒါမှမဟုတ် Agent/model က ဖတ်ရမယ်။ မဆိုင်ရင် ပယ်ရမယ်။ “အပေါ်ဆုံးက မှန်မယ်” လို့မယူပါနှင့်။ စာကြည့်တိုက်က အနီးစင်က စာအုပ် ၃ အုပ်ယူပေးရုံပါ။ ဘယ်အုပ်က မေးခွန်းနဲ့တိုက်သည်ကို ဖတ်မှ သိတယ်။
နေ့စဉ်ဘဝနဲ့ ချိတ်ကြည့်မယ်
မေးခွန်းက ဖုန်းအကြောင်း။ ရလာတာက ၁) ဖုန်းစည်းမျဉ်း ၂) ကွန်ပျူတာသုံးခြင်း ၃) စားသောက်ဆောင်။ ဖတ်ကြည့်၊ ၁ ကိုပဲ ထားပါ။ ၂ နဲ့ ၃ ကို ပယ်ပါ။ ပြီးမှ ဖြေပါ။ Code မှာဆိုရင် retrieved text ကို prompt ထဲမထည့်ခင် “ဒီစာက မေးခွန်းကို တိုက်သလား” လို့ စစ်ပါ။ မတိုက်ရင် “မတွေ့” လို့ပြောပါ။
အတူတူ လက်တွေ့စမ်းမယ်
Retrieved:
1. phones-in-class.md ← keep
2. computer-lab.md ← drop
3. cafeteria.md ← drop
Only #1 goes into the answer prompt.ရှာတွေ့သော chunk ကို ကိုင်/ပယ် ခွဲနိုင်မည်။၅ မိနစ် စမ်းကြည့်
မေးခွန်းတစ်ခုနဲ့ chunk တု ၄ ခုရေးပါ။ ဘယ်ဟာကိုင်၊ ဘယ်ဟာပယ်၊ ဘာကြောင့်လဲ ရေးပါ။
သတိလေးတစ်ချက်
ဆူညံတဲ့ chunk များလေ၊ model က မှန်းဖြည့်လေပါ။ နည်းနည်း၊ သန့်သန့်ကျွေးပါ။