Java သည် 1995 ခုနှစ်ကတည်းက အသုံးများလာတဲ့ class-based, object-oriented programming language ဖြစ်ပါတယ်။ Java ရဲ့ နာမည်ကြီး concept က Write Once, Run Anywhere ပါ။ အဓိပ္ပါယ်က Java code ကို compile လုပ်ပြီး Java Virtual Machine (JVM) ရှိတဲ့ machine များပေါ်မှာ run နိုင်ခြင်းပါ။ Windows မှာရေးထားတဲ့ Java program ကို macOS/Linux ပေါ်မှာလည်း run လို့ရအောင် JVM က ကြားခံအဖြစ်လုပ်ပေးပါတယ်။
Java ကို enterprise backend, Android development, school/university programming, banking systems, APIs, desktop tools စသဖြင့် နေရာအများကြီးမှာသုံးပါတယ်။ Beginner အတွက် အရေးကြီးတာက Java သည် syntax ကိုတိတိကျကျလိုက်နာရတဲ့ language ဖြစ်တာပါ။ Semicolon မေ့ရင် Java က “ငါ့ကိုမလေးစားဘူးလား” ဆိုပြီး compile error ပေးပါလိမ့်မယ်။
// The main entry point of a simple Java application
public class Main {
public static void main(String[] args) {
System.out.println("Java is powerful!");
}
}public class Main က Main ဆိုတဲ့ class တစ်ခုကိုတည်ဆောက်ပါတယ်။ main() method က program စတင် run သောနေရာပါ။ System.out.println() က console ထဲကို စာတစ်ကြောင်း print ထုတ်ပေးပါတယ်။
Java is powerful!လက်တွေ့အသုံးချမှု
ဒီ pattern က Java application အားလုံးရဲ့ starting point လိုပါပဲ။ နောက်ပိုင်း backend server, Android app, CLI tool ဘာရေးရေး program စတင် run တဲ့ entry point concept ကိုနားလည်ဖို့လိုပါတယ်။