Firestore ဆိုတာဘာလဲ?
Cloud Firestore က Firebase ရဲ့ NoSQL document database ဖြစ်ပါတယ်။ Data ကို table/row ပုံစံမဟုတ်ဘဲ Collection → Document → Field ပုံစံနဲ့သိမ်းပါတယ်။ Realtime listener ပါဝင်လို့ data ပြောင်းတာနဲ့ UI ကိုချက်ချင်း update လုပ်နိုင်ပါတယ်။
ဥပမာပုံစံ
userscollection ထဲမှာ user document များnotescollection ထဲမှာ note document များ- Document တစ်ခုထဲမှာ
title,content,createdAt,ownerIdလို field များ
SQL နဲ့မတူတဲ့အချက်
Firestore မှာ join မရှိပါ။ Query ပိုမြန်ဖို့ data ကို duplicate လုပ်သိမ်းရတဲ့အခြေအနေရှိနိုင်ပါတယ်။ ဒါကို denormalization လို့ခေါ်ပါတယ်။ နည်းနည်းထူးဆန်းပေမဲ့ NoSQL လောကမှာ ဒါက “ထမင်းနဲ့ဟင်းကို တစ်ပန်းကန်တည်းထည့်စားတာ” မျိုးပါ။