docker pull သည် Docker Hub သို့မဟုတ် registry တစ်ခုခုမှ image ကို local machine ထဲ download လုပ်ရန်သုံးပါတယ်။ docker run က image မရှိရင် auto pull လုပ်ပေးပေမယ့် version ကိုသေချာထိန်းချင်ရင် pull ကိုကိုယ်တိုင်သုံးတာကောင်းပါတယ်။
dockerfile
# Pull the latest Ubuntu image
docker pull ubuntu
# Pull a specific version tag
docker pull node:20-alpine
# Pull a lightweight Nginx image
docker pull nginx:alpineubuntu လို့ tag မရေးဘဲ pull လုပ်ရင် default အနေနဲ့ latest tag ကိုယူတတ်ပါတယ်။ Project တွေမှာ reproducible ဖြစ်ချင်ရင် node:20-alpine လို version tag သတ်မှတ်တာပိုကောင်းပါတယ်။
You should see
Image layer များ download လုပ်နေသည်ကို terminal တွင်မြင်ရပြီး အပြီးတွင် image ကို local မှာအသုံးပြုနိုင်ပါမယ်။Info
latest ဆိုတာ အမြဲတမ်းအကောင်းဆုံး version မဟုတ်ပါ။ အချိန်ကြာလာရင် image version ပြောင်းနိုင်ပြီး project behavior မတူနိုင်ပါတယ်။