Program တစ်ခုမှာ error ဖြစ်နိုင်တဲ့နေရာတွေ အမြဲရှိပါတယ်။ File မတွေ့တာ၊ network fail ဖြစ်တာ၊ array index မှားတာ၊ user input မမှန်တာ စတာတွေပါ။ Exception Handling က error ဖြစ်တဲ့အခါ app တစ်ခုလုံး crash မဖြစ်အောင် လုံခြုံစွာကိုင်တွယ်ပေးပါတယ်။
csharp
try
{
int[] numbers = { 1, 2, 3 };
Console.WriteLine(numbers[10]);
}
catch (IndexOutOfRangeException)
{
Console.WriteLine("Index is outside the array range.");
}
catch (Exception ex)
{
Console.WriteLine("Something went wrong.");
Console.WriteLine(ex.Message);
}
finally
{
Console.WriteLine("Finished checking the array.");
}try, catch, finally
tryထဲမှာ error ဖြစ်နိုင်တဲ့ code ကိုထားပါတယ်။catchက error ဖြစ်လာရင် ကိုင်တွယ်ပါတယ်။ Specific exception ကိုအရင်ဖမ်းတာက ပိုကောင်းပါတယ်။finallyက error ဖြစ်ဖြစ် မဖြစ်ဖြစ် run ပါတယ်။ Resource cleanup လုပ်ဖို့အသုံးဝင်ပါတယ်။
You should see
Index is outside the array range. Finished checking the array.Info
⚠️ Best practice
Error ကို မျက်လုံးပိတ်ပြီးဖျောက်ပစ်တာမျိုး မလုပ်ပါနဲ့။ User ကို friendly message ပြပြီး developer အတွက် log သိမ်းထားတာက ပိုကောင်းပါတယ်။